Posted on August 13, 2008 by uhteik
ဘလော့ဒေး အထိမ်းအမှတ်နဲ့ မန္တလေးမှာ ဘလော့ကာများစုပြီး မိတ်ဆုံစားပွဲလေးတစ်ခု
ကျင်းပဖို့ စီစဉ်နေကြောင်း
မရတနာချိုနဲ့ ဆြာဘတို့ထံက ကြားသိရလို့ အထူးဝမ်းသာမိပါတယ်။
မနှစ်ကလိုပဲ ဆိုက်ဘာကဖေးများမှာ ဘလော့ဒေး အထိမ်းအမှတ်
ဘလော့တည်ဆောက်နည်းများ အခမဲ့ လိုက်လံ သင်ကြားပေးခြင်း၊ ဟောပြောဆွေးနွေးခြင်းများ
ဆောင်ရွက်နိုင်ဖို့လဲ ကြိုးစားနေကြပါတယ်။
မန္တလေးက ဆိုက်ဘာကဖေးများကလဲ ပူးပေါင်းပါဝင်စေချင်ပါတယ်။
ဘလော့ကို တရားဝင် မကျော်မခွပဲ တင်လို့ရတဲ့ ဆိုဒ်များကနေ သရုပ်ပြသွားဖို့
စီစဉ်နေပါတယ်။
ဘလော့စပေါ့တော့ မပြနိုင်တော့ဘူးပေါ့ဗျာ . . .
ဘာဖြစ်ဖြစ် ဘလော့ဒေး အထိမ်းအမှတ်လေး ကျင်းပနိုင်မယ်ဆိုရင်
ဝမ်းသာကျေနပ်မိပါကြောင်း . . .
Filed under: ဖိတ်ခေါ်ခြင်း, မန္တလေးမြင်ကွင်း, သတင်း | Tagged: Blog day 2008 | No Comments »
Posted on June 19, 2008 by uhteik
မိုးရွာသောအခါ ရင်ထဲမှာ လူတိုင်း အမျိုးမျိုးခံစားကြရပါတယ်။
ဒီကနေ့မိုးရွာတော့ အိပ်ရာထဲမှာ အိပ်နေတုံးပါပဲ .
ညနေပိုင်း ၂နာရီလောက်ထင်ပါတယ် . .
မိုးတွေ စရွာလာပါတယ်
မိုးရွာတော့မှ ရေစိုမယ်ထင်တာတွေ
အိမ်ထဲရေ၀င်ရင် မလွတ်တာတွေ ဖယ်ရင်းမရင်းနဲ့
အချိန်ကုန်ခဲ့ပြန်ပါတယ်။
ဒီလိုနဲ့ ညနေ ၃နာရီခွဲလောက်မှာ မိုးကြီးတိတ်လို့ ဖွဲဖွဲနဲ့သာ ရွာနေပါတော့တယ်။
ကျွန်တော့်အကျင့်ကလဲ မိုးရွာပြီးရင် လမ်းထိပ်ထွက်ကြည့်တာပဲလေ
မိုးက ရေသိပ်မပါသလို ခံစားရပေမယ့်
လမ်းထိပ်လဲရောက်ရော ရေတွေက တစ်လမ်းလုံးပြည့်လို့
ကျောင်းကလဲ အဆင်း ကလေးတွေ အရမ်းဒုက္ခရောက်တာ တွေ့ရပါတယ်။
ကလေးတွေကတော့ ပျော်တဲ့သူပျော်ပေါ့
အပူအပင်ကင်းတဲ့ကလေးဘ၀ဆိုတော့လဲ . .မိုးရေနဲ့ပြည့်နေတာကို ပျော်ပြီး
ရေချိုးရေကူးကြပေါ့လေ . . .
မျက်စိရှေ့မှာပဲ စိတ်မကောင်းစရာကတော့ မိုးကာ၊ ထီးမပါပဲ
လွယ်အိတ်မနိုင်၊ ထမင်းချိုင့် မနိုင်နဲ့ ကလေးနှစ်ယောက်
တစ်ယောက်ကို တစ်ယောက်ဖေးမလို့
ရေက စို
ဒူးအထက် ရေကိုလဲ ရုန်းရသေးတယ်
လွယ်အိတ်က ရေထဲမှာကျလို့ . . .
စိုနေပြီ . . .
သွားကူမလို့ လုပ်တုံးမှာပဲ တစ်ယောက်ကို [...]
Filed under: ဖိတ်ခေါ်ခြင်း, အတွေး | Tagged: နာဂစ်, donation, mandalay, nargis, nargis storms, news | No Comments »