ဘလော့ဒေး အမှတ်တရ

မနှစ်က ဘလော့ဒေးမှာ ရေးခဲ့တဲ့ဆောင်းပါး ပါ
ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
blog-day
အမှတ်တရပေါ့
ဒီနှစ်အတွက်လဲ ကြိုးစားရဦးမယ်ဗျာ . . .

မူကြို(၁) အာစရိယပူဇော်ပွဲ

မူလတန်းကြိုကျောင်း အမှတ်(၁) မန္တလေးရဲ့ ဒုတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကို
၂၇-၄-၂၀၀၈ရက်နေ့ နံနက်၇နာရီမှ စတင်ပြီး ကျောင်းတည်ရှိရာ ၂၇လမ်း၊ ၆၈လမ်းနှင့်၆၉လမ်းကြား
မှာ ကျင်းပခဲ့ပါတယ်။
နှစ်ပေါင်း ၄၂နှစ်ကြာခဲ့ပြီဖြစ်တဲ့ မူကြို(၁)က တပည့်ရင်သွေးငယ်များဟာ အခုအချိန်မှာ
နယ်ပယ်အသီးသီးမှာ လုပ်ငန်းခွင်ဝင်နေကြပြီဖြစ်ပါတယ်။
အဲဒီထဲကမှ တချို့က စိတ်ကူးကောင်းကောင်းနဲ့
တစ်နိုင်ငံလုံး ဘယ်မှာမှ မရှိသေးတဲ့ မူကြိုကျောင်းက အာစရိယပူဇော်ပွဲကို
မနှစ်က စတင်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
နံနက်၇နာရီမှာ ၀ါဆိုဆရာတော်ကြီး အမှူးပြုတဲ့ သံဃာတော်များကို
ပင့်ဖိတ်လှူဒါန်းပူဇော်ပြီး ကွယ်လွန်ပြီးသော ဆရာမများရဲ့ ကျေးဇူးကို ဆပ်ကြပါတယ်။
အဲဒီနောက်တော့
အာစရိယပူဇော်ပွဲအဖြစ် အသက်(၆၀)နှစ်အထက် ဆရာမ ၂၅ဦးတို့ကို ကျောင်းသား၊ ကျောင်းသူဟောင်းများက ပူဇော်ကန်တော့ကြပြီးနောက်မှာဆရာမများက ဆုံးမသြ၀ါဒစကားများချီးမြှင့်ကြ ပါတယ်။
ကျောင်းသား၊ကျောင်းသူဟောင်းများကိုလည်း အစ်ကိုကြီးကိုသန်းထိုက်က ဖိတ်ခေါ်ပြီး ရင်တွင်းစကားများကို ပြောကြားပြီး ပျော်ရွှင်စွာနဲ့ ပူဇော်ကန်တော့ခဲ့ကြပါတယ် . . . . .

အားလုံး ပျော်ပျော်ပါးပါး ဆုံဆည်းရအောင်
နောင်နှစ် ဇန်န၀ါရီလမှာ တတိယအကြိမ်ဆရာကန်တော့ပွဲမှာ [...]