မန္တလေးတက္ကသိုလ် နှစ် ၅၀ပြည့် ရွှေရတု သဘင် ကျင်းပမည်

    ၁၉၅၈ခုနှစ်က စတင်ခဲ့သည့် မန္တလေးတက္ကသိုလ်ကြီး ၂၀၀၈ခုနှစ်မှာ နှစ်ငါးပြည့် ရွှေရတုကာလကိုရောက်ရှိလာခဲ့ပါပြီ။ မန္တလေးတက္ကသိုလ် ရွှေရတုသဘင်ကိုလဲ ခြိမ့်ခြိမ့်သဲကျင်းပရန် စီစဉ်လျက်ရှိကြောင်း . . . ဦးထိပ် အတွေးနဲ့အရေး http://uhteik.blogspot.com

မန္တလေးတက္ကသိုလ် သမိုင်းဌာန ကျောင်းသား၊ကျောင်းသူဟောင်းများ အာစရိယပူဇော်မည်

    မန္တလေးတက္ကသိုလ် သမိုင်းဘာသာအဓိက ကျောင်းသား၊ ကျောင်းသူဟောင်းများ၏စတုတ္ထအကြိမ်အာစရိယပူဇော်ပွဲကို ၂၀၀၈ခုနှစ် နိုဝင်ဘာ ၉ရက် မွန်းလွဲ ၁နာရီ၌မန္တလေးတက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ်ဓမ္မာရုံတွင် ကျင်းပမည်ဖြစ်သည်။     မန္တလေးတက္ကသိုလ် သမိုင်းဌာန၏ နေ့သင်တန်း၊ ညနေသင်တန်း၊ စာပေးစာယူ၊ အဝေးသင်စသည့် သင်တန်းများတွင် ပညာသင်ယူခဲ့သော သမိုင်းကျောင်းသား၊ ကျောင်းသူဟောင်းများကို ဖိတ်ခေါ်စုစည်းလျက်ရှိပါတယ်။ အာစရိယပူဇော်ပွဲအနေနဲ့ကွယ်လွန်သူဆရာကြီး၊ ဆရာမကြီးများကို ရည်စူးပြီး သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆက်ကပ်လှူဒါန်းမယ်။ အသက် ၆၀အထက် ကန်တော့ခံ ဆရာကြီး၊ဆရာမကြီး ၂၃ဦး၊ အသက် ၆၈နှစ်အထက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး၂၄ဦးတို့ကို ပူဇော်ကန်တော့မှာဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ အမှတ်တရ မိတ်ဆုံစားပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ် ။     စတုတ္ထအကြိမ် မန္တလေးတက္ကသိုလ် သမိုင်းကျောင်းသား၊ ကျောင်းသူဟောင်းများ၏အာစရိယပူဇော်ပွဲကို ဆက်သွယ်လှူဒါန်းမည်ဆိုပါက ဒေါက်တာစိုင်းနော်ခေး၀၉-၅၁၃၆၈၈၁၊ ဒေါက်တာ မောင်ချို ၀၉-၂၀၂၉၃၇၀၊ ဒေါက်တာရီရီဝင်း ၀၉-၂၀၀၁၂၂၄စသည့် [...]

Follow

Get every new post delivered to your Inbox.