Posted on September 22, 2008 by uhteik
စိတ္တသုခ ပရဟိတလူငယ်များရဲ့ နှစ်စဉ်ဆောင်ရွက်နေကြအတိုင်းသီတင်းကျွတ်လပြည့်နေ့ ညပိုင်း အောင်တော်မူဘုရား နှစ်ကျိတ်ရှစ်ဆူ ဓမ္မာရုံရှေ့မှာ ဆီမီးပူဇော်သွားမည်ဖြစ်ပါတယ်။
မနက်ပိုင်း ၁၀နာရီခန့်က စပြီး ဆီမီးခွက်များ နေရာချထားခြင်း၊ ပုံဖော်ခြင်းများဆောင်ရွက်ပြီး ညပိုင်း ၇နာရီခန့်မှာ မီးစတင်ပူဇော်ပါ့မယ်။
ယခင်စတင်ခဲ့စဉ်ကတော့ ဆီမီး ထွန်းခဲ့သော်လည်းနောက်ပိုင်း ဆီမီးထွန်းရာမှာ အောက်ခံကြွေပြား ညစ်ပတ်ခြင်း၊ ခြေချော်ခြင်းများကြောင့်ဖယောင်းတိုင်မီး ပြောင်းလဲခဲ့ပါတယ်။
ဒီနှစ်လဲ ဖယောင်းတိုင်မီးများထွန်းညှိပူဇော်ပါ့မယ်။
ဖယောင်းတိုင် ၂၀၀၀ ၀ယ်ပါ့မယ်ထပ်မံပါဝင်လှူဒါန်းကြသူများနဲ့ဆိုရင် ဆီမီး ၃၀၀၀ကျော်ဖြစ်ပါ့မယ်။
ရရှိထားတဲ့ နေရာ အကျယ်အ၀န်းအရ ဆီမီး ၃၀၀၀ခန့်သာ လှူဒါန်းနိုင်မည်ဖြစ်ပါတယ်။
အလှူငွေပါဝင်လှူဒါန်းချင်ပါ့က လှူဒါန်းနိုင်ပါတယ်။
သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှာ နံနက်ပိုင်း သံဃာတော် ၄၅၀ကျော်ကို စေတနာရှင်တစ်ဦးကိုယ်စား အရုဏ်ဆွမ်းကပ်ဖို့လဲ စီစဉ်ထားပါတယ်။အဲဒီနေ့မှာပဲ ကြွရောက်လာတဲ့ သာမဏေ(ကိုရင်)များကို သင်္ကန်း တစ်စုံ ၅၀၀၀တန် တစ်စုံစီ လှူဒါန်းဖို့ စီစဉ်ထားပါတယ်။ ပါဝင်လှူဒါန်းနိုင်ကြဖို့ နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ
ဦးထိပ် အတွေးနဲ့အရေး http://uhteik.blogspot.com
Filed under: သတင်း | Leave a Comment »
Posted on September 18, 2008 by uhteik
ရဟန်းတို့ ငါဘုရားအား လုပ်ကျွေးပြုစုလိုသောရဟန်းသည် နာမကျန်းဖြစ်နေသော ရဟန်းအားလုပ်ကျွေးပြုစုလော့မြတ်ဗုဒ္ဓ(မဟာဝါပါဠိတော်)ဆိုတဲ့ ဘုရားရှင်၏ ဆန္ဒတော်အတိုင်း နာမကျန်းဖြစ်နေသောအေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်များပြုစုကူညီရေးအတွက်ဝိပဿနာအဓိကထား၍ ကူညီဆောင်ရွက်ပေးနေသောရတနာ့မေတ္တာအဖွဲ့(မန္တလေးအဖွဲ့ခွဲ)ရဲ့ ဒုတိယအကြိမ်ပရောရျက်အဖြစ်၂၀၀၈-၂၀၀၉ ပရောဂျက်ကို စတင်ခဲ့ပြီ ဖြစ်ပါတယ်။၂၀၀၆ခုနှစ်က စတင်ခဲ့တဲ့ မန္တလေးအဖွဲ့ခွဲအနေနဲ့သက်တမ်း နှစ်နှစ်အတွင်းမှာ ပရောဂျက်တစ်ခု အောင်မြင်လို့ဒုတိယတစ်ခု စတင်ခဲ့တာပဲဖြစ်ပါတယ်။ရတနာ့မေတ္တာအဖွဲ့အနေနဲ့HIV/AIDS ဆင့်ပွားပညာပေးခြင်းဆေးရုံတက်လူနာစောင့် ပေးခြင်းPLHIV များအတွက် ၀ိပဿနာ တစ်ရက်စခန်း ဖွင့်ပေးခြင်းဆေးရုံတက်လူနားများအတွက် ဆေးဖိုးထောက်ပံ့ခြင်းအာဟာရထောက်ပံ့ခြင်းနာရေးကူညီခြင်းတွေ့ဆုံပွဲများတွင် ဘာသာရေးဟောပြောပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ပရောဂျက်လုပ်ငန်းများကို အဓိက ထားသော်လည်းပါဝင်ကူညီလှူဒါန်းကြသည့် အလှူငွေပေါ်မူတည်ပြီးတိုးချဲ့ ဆောင်ရွက်များဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။လှူဒါန်းမယ်ဆိုရင်ရတနာ့မေတ္တာအဖွဲ့ ဖောင်တော်ဦးကျောင်း၁၉လမ်း၊ နန်းရှေ့၊ မန္တလေးမြို့ဖုန်း ၀၂-၃၉၈၅၅ လိုင်းခွဲ ၈၀၅ ကိုဆက်သွယ် လှူဒါန်းနိုင်ပါတယ် . . .
အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့အားလုံးပါဝင်ဆောင်ရွက်စို့ကိုယ်ချင်းစာနာ နားလည်ပါသင်လည်း လူသားပါ
ဦးထိပ် အတွေးနဲ့အရေး http://uhteik.blogspot.com
Filed under: သတင်း | Leave a Comment »