မုန်တိုင်းဒဏ်သင့်သူများအတွက် ဇာတ်မင်းသားများ စုပေါင်းကလို့ ရန်ပုံငွေရှာမည်

ရန်ကုန်၊ မန္တ္တလေးစတဲ့ နေရာစုံက ဇာတ်မင်းသားများ စုပေါင်းလို့ယနေ့မှစပြီး ၃ရက်တိုင်တိုင် မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ စုပေါင်းလို့ကပြပြီး နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ရန်ပုံငွေ ရှာဖွေကြပါမယ်။
ယနေ့ ည ၇နာရီမှ ၁၁နာရီထိ ကပြဖျော်ဖြေပါမယ်။
မန္တလေးက ၀င်းနောင်၊ လှိုင်ဘွားအောင်စတဲ့ ဇာတ်သဘင်အလှဆင်သူများနဲ့အတူချမ်းသာ၊ နန်းဝင်း၊ မိုးမင်းဖိုးချစ်၊ တင်ဇာမိုးဝင်း၊ စတဲ့ မင်းသားများနဲ့အတူ မင်းသားပေါင်း ၃၀ကျော် ပါဝင်ကပြပါမယ်
လက်မှတ်က တစ်သောင်း၊ ခုနစ်ထောင်၊ ငါးထောင် ဖြစ်ပါကြောင်း . . ..
လက်မှတ်လဲ တော်တော်ရောင်းရတယ်လို့ ကြားရပါတယ်။
ဦးထိပ် အတွေးနဲ့အရေး http://uhteik.blogspot.com

တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်ပြီ

ကနေ့ မနက်ပိုင်းမှာပဲ မျှော်လင့်နေကြတဲ့ တက္ကသိုလ်ဝင်တန်း (၁၀တန်း)အောင်စာရင်း ထွက်ပါတယ်။
အောင်သူပျော်
ဂုဏ်ထူးပါသူမော်
ရှုံးသူတော့ကတော့ . . .
 
 
ရပ်ကွက်ထဲလဲ ကျတဲ့အိမ်က ဆူသံ ငိုသံနဲ့ပေါ့
အောင်တဲ့အိမ်ကျလဲ ပျော်သံ နဲ့ ဆူလို့ . . .
 
အောင်သူတွေလဲ ရှေ့ဆက်မယ့်ဘ၀ခရီးကို အရွေးမမှားပဲ ကိုယ်နဲ့လိုက်ဖက်တာကို ရွေးဖို့နဲ့
ကျသူတွေလဲ ထပ်ပြီး ကြိုးစားကြဖို့ လိုနေပါတယ်။
 
ပန်းကလေးများတော့ ဖူးကနေ အပွင့်ကို ပြောင်းပါတော့မယ်
တက္ကသိုလ်ဆိုတဲ့နေရာမှာ ပညာရယ်၊ ဘ၀အတွက် အတွေ့အကြုံ အမြင်သစ်များ ရရှိနိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
ဦးထိပ် အတွေးနဲ့အရေး http://uhteik.blogspot.com