ဒီကနေ့ မနက်ပိုင်း ရွာတဲ့မိုးက
မန္တလေးရဲ့ မိုးတွင်းမှာ ဖြစ်လာမယ့်အခြေအနေကို ပြနေပါတယ်။
အခု မိုးအစမှာတောင် ဒီလိုဖြစ်နေရင်
မိုးတွင်း တစ်လျှောက်လုံး ဘယ်လိုသွားမယ်ဆိုတာ . . . ပေါ်လွင်နေပါတယ်။
မိုးတွင်းအတွက် ပြင်ဆင်ဖို့တော့လိုပါပြီ
စည်ပင်သာယာကလည်း မြောင်းသန့်ရှင်းရေးကို တိုးပြီး ကြီးကြပ်ဆောင်ရွက်ဖို့လိုသလို
မိမိအိမ်ရှေ့မြောင်း မိမိတာဝန်ယူတဲ့ စနစ်တစ်ရပ်လဲ ထူထောင်ဖို့ လိုနေပါတယ်။
မြောင်းထဲ အမှိုက်မချဖို့ အားလုံးမှာ တာဝန်ရှိနေပါတယ်။
ဒီလိုသာ ဖြစ်သလို ဆက်သွားမယ်ဆိုရင်တော့
ဒီမိုးတွင်းလဲ အရင်မိုးတွင်းလိုပဲ မန္တလေးလမ်းပေါ်မှာ ရေတွေ ဖွေးနေဦးမှာပါပဲ . . . လေ