နာဂစ်မုန်တိုင်းအတွက် အလှူပွဲများ

ဆရာတော်များက တရားပွဲများကျင်းပပြီး နာဂစ်မုန်တိုင်းဒဏ်ခံရသူများထံ သွားရောက်လှူဒါန်းနေကြပါတယ်။

ယနေ့ည ဓမ္မစေတီဆရာတော်ရဲ့ တရားပွဲရှိပြီး

မနက်ဖြန် ဆရာတော် အရှင်ဆေကိန္ဒရဲ့ နာဂစ်မုန်တိုင်း လှူဒါန်းရန် တရားပွဲ ကျင်းပမယ်လို့ သိထားရပါတယ်။

လိုအပ်သူများထံ အရောက်လှမ်းနိုင်ကြပါစေဗျာ

ဟိုနားတော့လိုအပ်တယ်

ဒီနားတော့ လိုအပ်တယ်

ဟိုဟာဘာဖြစ်တယ်

ဒီဟာဘာဖြစ်တယ်လို့ ပြောနေကြတာထက်

လိုတဲ့နေရာ ရောက်အောင် သွားရောက်လှူဒါန်းကြသူများကို ဂုဏ်ယူဝမ်းမြောက်သာဓုခေါ်ဆိုပါတယ်။

အလှူကို အကြောင်းပြလို့

သဘာဝဘေးဒဏ်ကို အကြောင်းပြလို့

အကူအညီပေးရေးကို အကြောင်းပြလို့

မုန်တိုင်းဒဏ်ခံရသူများကို အကြောင်းပြလို့

မသမာမူများပြုလုပ်နိုင်တယ်ဆိုတာကိုလည်း လှူဒါန်းမည့်သူများ အထူးသတိရှိကြပါရန်

သတိပေးအပ်ပါတယ်ခင်ဗျာ . . .

ထိုသို့ ပြုလုပ်သူများကိုလည်း ရှုတ်ချပါကြောင်း

လူသားချင်း စာနာမှုကို အကြောင်းပြပြီး အခြားအကြောင်းအရာများပါဝင်ပတ်သက်သူများအား

လုံးဝ လက်မခံနိုင်ပါကြောင်း။

Leave a Reply