နာဂစ်မုန်တိုင်း သေဆုံးပျောက်ဆုံးမှု ထုတ်ပြန်ချက်(၆-၅-၂၀၀၈)

မေ ၆ ရက် မွန်းတည့် ၁၂နာရီအထိ ရရှိသော စာရင်းများအရ နိုင်ငံပိုင် သတင်းစာမှ ထုတ်ပြန်ချက်ကို

ဖော်ပြထားခြင်းဖြစ်ပါတယ်။

ဧရာဝတီတိုင်းအတွင်း

သေဆုံး              ၂၁၇၉၃ ဦး

ပျောက်ဆုံး          ၄၀၆၉၅ ဦး

ရန်ကုန်တိုင်းအတွင်း

သေဆုံး              ၆၇၁ ဦး

ပျောက်ဆုံး          ၆၇၀ ဦး

မုန်တိုင်းဒဏ်ရသော ဒေသအားလုံး စုစုပေါင်း

သေဆုံး            ၂၂၄၆၄ ဦး

ဒဏ်ရာရ               ၆၇၀ ဦး

ပျောက်ဆုံး        ၄၁၀၅၄ ဦး

 

ထပ်မံပြီး တိုးလာဦးမယ်လို့ထင်ပါတယ်။

ဒီလောက်ထိခိုက်မှု ပြင်းထန်ခဲ့တာကြောင့် အခြား ပျက်စီးများမှာ မရေတွက်နိုင်အောင်

ဖြစ်နိုင်ပါတယ်။

 

လေဘေးသင့်သူများအတွက် ပါဝင်လှူဒါန်းကြဖို့ နှိုးဆော်တိုက်တွန်းချင်ပါတယ်။

လှူဒါန်းလိုပါက မိမိတို့ ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း

အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီများနှင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

 

ဒါမှမဟုတ်လဲ မိမိတို့ အစီအစဉ်များဖြင့်  တိုက်ရိုက် သွားရောက် လှူဒါန်းပေးကြဖို့

တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အချင်းချင်း သုခ၊ ဒုက္ခကို မျှဝေခံစားကြရအောင်ဗျာ . . .

Leave a Reply