စိတ္တသုခပရဟိတလူငယ်များ၏ ပုံမှန် ခြောက်လပတ်အလှူ

စိတ္တသုခပရဟိတလူငယ်များက ခြောက်လတစ်ကြိမ်လှူဒါန်းကြဖို့ အစီအစဉ်များ ဆွဲထားကြပါတယ်။ဒီတစ်ခေါက်အလှူအဖြစ် စဥ့်ကူးမြို့ အမှတ်(၉၁)အခြေခံပညာမူလတန်းကျောင်းမှာသွားရောက်လှူဒါန်းကြပါတယ်။၈ရက်နေ့ နံနက်ပိုင်းထွက်ခွာဖို့စီစဉ်ထားပါတယ်။ကျောင်းက ကလေးများကို စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းဖို့ စီစဉ်ထားပါတယ်။
ကျောင်းအတွက်လျှပ်စစ်မီးရရှိရေးမီတာလျှောက်ထားခြင်း၊ မီးသွယ်ခြင်း၊ မီးတပ်ဆင်ခြင်းအတွက်ငွေကျပ်သုံးသိန်း လှူဒါန်းပြီးဖြစ်ပါတယ်။
သွားဖို့အတွက်လိုက်ပါလိုသူများက တစ်ယောက်လျှင် ၄၅၀၀ကျပ်စီခရီးစရိတ်နှင့်စားသောက်စရိတ် ကျခံရမှာဖြစ်ပါတယ်။မည်သူမဆိုလိုက်ပါနိုင်ပါတယ်။
ခြောက်လပတ်အလှူအပြီးမှာတော့ နာဂစ်မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့နယ်၊ ပန်းဖူးမြစ်တန်းကျေးရွာသို့သွားရောက်ပြီး မူလတန်းကျောင်းအဆောက်အအုံပြန်လည်ဆောက်လုပ်ပေးရန်စီစဉ်လျက်ရှိပါတယ် . . .
ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ
ဦးထိပ် အတွေးနဲ့အရေး http://uhteik.blogspot.com

မန္တလေး ဧရာဝတီမြစ်ထဲက ပေါ်တဲ့ဘုရားနှစ်ဆူ

မန္တလေးမြို့ ဧရာဝတီမြစ်ထဲက ဘုရားနှစ်ဆူပေါ်တဲ့အတွက်တစ်မြို့နီးပါး သွားရောက်ဖူးမြော်နေကြပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးက ရန်မျိုးလုံ ဓမ္မာရုံမှာ ယခုလောလောဆယ်ဆယ်ပူဇော်ထားရှိပါတယ်။
တွေ့ရှိပုံကတော့ ရေအောက်မှာ ပစ္စည်းရှာဖွေကြတဲ့ သူက ပစ္စည်းရှာရင်ဆင်းတုတော်အသေးကို စတင်တွေ့တယ်လို့ ပြောပါတယ်။ဆင်းတုတော်တွေ့တော့ ကမ်းပေါ်က အဖွဲ့ပါ ငုပ်ရှာတော့ ဆင်းတုတော်အကြီးကိုတွေ့ပြန်ပါတယ်တဲ့ပထမတွေ့တဲ့ အသေးကို မတွေ့လို့ ထပ်ရှာတော့မှ နှစ်ဆူလုံးတွေ့တာလို့ ပြောပါတယ်။
ဘုရားနှစ်ဆူက ရေအောက်မှာ ကြာခဲ့တော့ ရေညိတက်နေပါတယ်။
အသေးက ၃ပေကျော်အကြီးက ၁၀ပေကျော်ပါတယ်။
အသေးကိုတော့ လူအား၊ အကြီးကိုတော့ ကရိန်းနဲ့ ဆယ်ယူပင့်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံတင်ပေးချင်ပါတယ်။ဒါက သွားခဲ့တဲ့ သတင်းထောက်တစ်ယောက်စီက သိရပါတယ်။ကိုယ်တိုင် သွားချင်ပေမယ့်အဲဒီဘက်ထိ သွားဖို့ အဆင်မပြေသေးလို့ပါသွားပြီးရင် ထပ်တင်ပေးပါ့မယ်။
ဦးထိပ် အတွေးနဲ့အရေး http://uhteik.blogspot.com