Posted on March 31, 2008 by uhteik
ဒီကနေ့ အလှူက ပျော်စရာကောင်းသလို စိတ္တသုခတို့လဲ ပညာကောင်းကောင်းရခဲ့ပါတယ်။
ကုမ္ပဏီများရဲ့ သဘောထားနဲ့လုပ်ရပ်များကို ယနေ့မှပဲ သဘောပေါက်နားလည်ခဲ့ရပါတယ်။စတင်ဆက်သွယ်မှုအရ ရိုးရိုးသားသား စေတနာပေါက်ပြီး လှူဒါန်းချင်လို့ လှူဒါန်းတယ်ပေါ့လေ . . ပေါ့ပေါ့ပါးပါးပါပဲလှူပေါ့သယ်ဖို့တောင် ကားတွေ ဘာတွေ စီစဉ်ထားလို့ကြားထဲမှာ ကုမ္ပဏီက လှူဒါန်းဖို့ သွားရောက်ကြိုးစားမှုတွေရှိခဲ့ပြီး အဆင်မပြေမှုဖြစ်တာကိုလည်း ကနေ့မှ သိရသေးတယ်သူတို့ မလုပ်နိုင်တဲ့ အနေအထားရောက်တော့ ဘာလိုလိုနဲ့ ကိုယ့်အပေါ် အသာလေး ခုတုံးလုပ်
အဆင်လဲပြေရောသူတို့ နာမယ်မပေါ်လို့တဲ့ . . .
ပြောသွားတဲ့စကားက ကောင်းလိုက်တာ . . .
သူတို့က တာဝန်ရှိသူတွေကို လှူပြီးရင် ပြီးပြီတဲ့ကျန်တာကို အောက်ခြေကလူတွေက လုပ်လိမ့်မယ်တဲ့ . . .
အဲဒီထက်တောင် စော်ကားမှုပါတဲ့ စကားမျိုးသုံးပါသေးတယ် မပြောပြချင်တော့ပါဘူး. . .
ပြောပုံဆိုပုံ လုပ်ပုံတွေက [...]
Filed under: သတင်း | No Comments »
Posted on March 31, 2008 by uhteik
စိတ္တသုခပရဟိတလူငယ်များအနေနဲ့ မီးဘေးကယ်ဆယ်ရေးအလှူအဖြစ်ယနေ့ မွန်းလွဲ ၁နာရီက ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရှိ မီးဘေးကယ်ဆယ်ရေးစခန်းမှာ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
ယနေ့လှူဒါန်းဖို့အတွက် အစီအစဉ်အနေနဲ့ ဆန်၊ ဆား၊ ဆပ်ပြာစတဲ့ နေ့စဉ်အသုံးအဆောင်များ လှူဒါန်းဖို့ပါ။ ကျွန်တော်တို့ဆီကို ဥရောပ-အာရှ မှ ဆက်သွယ်မှုဖြင့် ဆန်အိတ်များပါဝင်လှူဒါန်းမယ်လို့ သိရပါတယ်။ဒါကြောင့် မီးဘေးကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ကိုယ်တိုင်ကိုယ်ကျခွဲဝေလှူဒါန်းခွင့်ရရှိရေးဆွေးနွေးခဲ့ပါတယ် နှစ်ကြိမ်ဆွေးနွေးပြီး စခန်းသိမ်းမည့်ရက်ကို နောက်ဆုတ်ကာ တနင်္လာနေ့ မွန်းလွဲ ၁နာရီမှာ မီးဘေးသင့်ခံရသူများထံ တိုက်ရိုက်လှူဒါန်းခွင့်ရရှိခဲ့ပါတယ်။
ဒါကြောင့် ယနေ့ မွန်းလွဲ ၁နာရီမှာစိတ္တသုခပရဟိတလူငယ်များမှ ဆန် ၇အိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်ထုပ်၊ အ၀တ်အထည်များစသော တန်ဖိုးငွေကျပ် ၇သိန်းကျော် ကရုဏာကောင်းကင် အဖွဲ့မှ ပဲအိတ် ၄အိတ် တန်ဖိုး ကျပ်တစ်သိန်းကျော်ဥရောပအာရှမှ ငွေကျပ် ၁၀သိန်းခန့် တန်ဖိုးရှိသော ဆန်အိတ်များကို စိတ္တသုခပရဟိတလူငယ်များက တာဝန်ယူပြီး [...]
Filed under: သတင်း | No Comments »