ရတနာပုံဈေးမီးလောင်မှုမှာ လူသေဆုံးမှု စာရင်း ရရှိရေးအတွက်
လိုက်လံ မေးမြန်းမှုများဆောင်ရွက်ခဲ့ပါတယ်။
မီးလောင်တဲ့ နံနက်ပိုင်းမှာ အရှေ့ဘက်ခြမ်း ခုံးပေါ်မှာ
လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။
တွေ့လို့ ဓာတ်ပုံလဲ ရိုက်ထားပါတယ်။
အဲဒီလူကို အောက်ပြုတ်ကျသွားတယ်လို့ အားလုံး ထင်ထားပါတယ်။
ကနေ့ နံနက်မှာပဲ အဲဒီလူကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလူက မီးစက်မောင်း ၀န်ထမ်းဖြစ်တယ်လို့လဲ သိခဲ့ရပါတယ်။
မီးလောင်တဲ့နေ့က တာဝန်ကျတဲ့ ကယ်ဆယ်ရေးဆိုင်ရာ ၀န်ထမ်းများကိုလည်း
မေးမြန်းကြည့်ရာမှာ သေဆုံးမှု လုံးဝမရှိကြောင်း အတည်ပြုသိခဲ့ရပါတယ်။
ဈေးအတွင်း ရှင်းလင်းရာမှာလဲ အရိုးစုတွေ့တယ်လို့ သတင်းထွက်နေသော်လည်း
အခုအချိန်အထိ အတည်ပြုချက်မရရှိသေးဘဲ ကြားသတင်းသာဖြစ်တယ်လို့ သိရပါတယ်။
ဈေးရဲ့ အခြေအနေက တော်တော်စိုးရိမ်ရပါတယ်။
ပစ္စည်းယူသူများကလည်း မိမိပစ္စည်းသာ အာရုံစိုက်နေကြတော့
ဈေးပျက်စီးမှုက ပိုဆိုးလာပါတယ်။
အချိန်မရွေး ပြိုကျနိုင်ပါတယ်။
ဒါကြောင့် မနက်ဖြန်က စပြီး ဈေးပေါ်တက်ခွင့်ကို ကန့်သတ်ပိတ်ပင်မယ်လို့ သိရပါတယ်။
ရတနာပုံဈေးကို ၇၉လမ်းပေါ်ကို ပြောင်းရွှေ့ဖွင့်လှစ်ဖို့ ကြေညာထားလိုက်ပြီ ဖြစ်ပါတယ်။
အချို့ဆိုင်များကတော့ ဆိုင်ပြောင်းဖွင့်တဲ့ ကြော်ညာတွေ များစွာ တွေ့နေရပါတယ်။
ဂျာနယ်များကလည်း ပုံရိပ်များစုံစုံလင်လင်နဲ့ ထွက်ပေါ်လာနေပါတယ်။
ထူးခြားချက်များရှိရင် [...]
Filed under: မန္တလေးမြင်ကွင်း, သတင်း | Tagged: fire, fire mandalay, news | No Comments »