Update News Fire at Mandalay

ရတနာပုံဈေး မီးလောင်မှုဖြစ်ပွားပြီးနောက်

မနေ့ညပိုင်းက အထပ်အသီးသီးမှ ဆိုင်ခန်းပိုင်ရှင်များ၊ အသင်းအဖွဲ့ တာဝန်ရှိသူများ၊ အားလုံးကို တာဝန်ရှိသူများက နန်းတွင်းမှာ ခေါ်ယူတွေ့ဆုံပြီး လိုအပ်သည့်ကိစ္စများကို ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။

 

ယာယီဈေးအဖြစ်

ယခင် တရုတ်တန်းဈေးနေရာ ၇၉လမ်းပေါ်ကို ပြောင်းရွှေ့ဖွင့်လှစ်မယ်လို့ သိရပါတယ်။

 

အချို့ဆိုင်များလည်း မန်းမြန်မာပလာဇာမှာ ပြောင်းရွှေ့ ဖွင့်လှစ်နေတာကို သတင်းစာ ကြော်ညာများအရ သိရပါတယ်

 

ကွန်ပျူတာဆိုင်ခန်းများက အချို့လဲ ပြန်လည်ရရှိတယ်လို့သိရပါတယ်။

 

ဒီကနေ့ နံနက်ပိုင်းက မှတ်တမ်းအဖြစ် ဗီဒီယိုရိုက်ကူးခြင်းဆောင်ရွက်သလို

နံနက် ၆နာရီခွဲမှ စတင်ပြီး ၀င်ရောက်ကြည့်ရှု ပစ္စည်းရှာလိုတဲ့ ဆိုင်ခန်းပိုင်ရှင်များကို လုံခြုံရေးများနဲ့အတူ ၀င်ရောက်ခွင့်ပြုခဲ့ပါတယ်။

 

ဝင်ရောက်ခဲ့သူများအဆိုအရ

အထဲမှ ကြွေပြားများ ကြွတ်နေတာကြောင့် နင်းလိုက်တိုင်း သတိထားရတယ်လို့ ပြောပါတယ်

အောက်ခင်းပြင်က အိသလို ခံစားရပြီး နေရာတိုင်းမှာ ဖန်ကွဲ၊ မှန်ကွဲများကြောင့် အထူးသတိထားပြီး တက်ရတယ်လို့ သိရပါတယ်။

 

ဈေးရဲ့ ပတ်ဝန်းကျင် ရပ်ကွက်များမှာ မနေ့ည ၁၀နာရီခွဲမှာ စတင်ပြီး လျှပ်စစ်မီး ပြန်လည်ပေးသွားပြီ ဖြစ်ပါတယ်။

 

အထဲဝင်ပြီး ဓာတ်ပုံရိုက်ချင်သော်လည်း

တစ်စုံတစ်ခုဖြစ်ရင် ဆေးဖိုး မတတ်နိုင်တာကြောင့် စိတ်လျှော့ထားရကြောင်း

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.