Posted on February 27, 2008 by uhteik
ရတနာပုံဈေး မီးလောင်မှု ဓာတ်ပုံများနှင့်ဗီဒီယိုဖိုင်ကို
http://ourmandalay.multiply.com/
မှာတင်ထားပါတယ်။
အခြား သတင်းနဲ့ ဓာတ်ပုံများကြည့်မယ်ဆိုရင်တော့
http://mgbaoo.multiply.com/
အတွင်းပိုင်း ဓာတ်ပုံများကတော့
http://nettar.myanmarbloggers.org/
သတင်းအပြည့်အစုံကို
http://uhteik.wordpress.com/
မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဒီနေ့ မွန်းလွဲပိုင်းမှာ ပြည်ကျော်ဈေး အနောက်ဘက်ပိုင်းမှာ မီးလောင်မှုဖြစ်ပွားသေးတယ်လို့ ကြားရပါတယ်။
ဦးထိပ် အတွေးနဲ့အရေး http://uhteik.blogspot.com
Filed under: သတင်း | No Comments »
Posted on February 27, 2008 by uhteik
ရတနာပုံဈေး မီးလောင်မှုဖြစ်ပွားပြီးနောက်
မနေ့ညပိုင်းက အထပ်အသီးသီးမှ ဆိုင်ခန်းပိုင်ရှင်များ၊ အသင်းအဖွဲ့ တာဝန်ရှိသူများ၊ အားလုံးကို တာဝန်ရှိသူများက နန်းတွင်းမှာ ခေါ်ယူတွေ့ဆုံပြီး လိုအပ်သည့်ကိစ္စများကို ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။
ယာယီဈေးအဖြစ်
ယခင် တရုတ်တန်းဈေးနေရာ ၇၉လမ်းပေါ်ကို ပြောင်းရွှေ့ဖွင့်လှစ်မယ်လို့ သိရပါတယ်။
အချို့ဆိုင်များလည်း မန်းမြန်မာပလာဇာမှာ ပြောင်းရွှေ့ ဖွင့်လှစ်နေတာကို သတင်းစာ ကြော်ညာများအရ သိရပါတယ်
ကွန်ပျူတာဆိုင်ခန်းများက အချို့လဲ ပြန်လည်ရရှိတယ်လို့သိရပါတယ်။
ဒီကနေ့ နံနက်ပိုင်းက မှတ်တမ်းအဖြစ် ဗီဒီယိုရိုက်ကူးခြင်းဆောင်ရွက်သလို
နံနက် ၆နာရီခွဲမှ စတင်ပြီး ၀င်ရောက်ကြည့်ရှု ပစ္စည်းရှာလိုတဲ့ ဆိုင်ခန်းပိုင်ရှင်များကို လုံခြုံရေးများနဲ့အတူ ၀င်ရောက်ခွင့်ပြုခဲ့ပါတယ်။
ဝင်ရောက်ခဲ့သူများအဆိုအရ
အထဲမှ ကြွေပြားများ ကြွတ်နေတာကြောင့် နင်းလိုက်တိုင်း သတိထားရတယ်လို့ ပြောပါတယ်
အောက်ခင်းပြင်က အိသလို ခံစားရပြီး နေရာတိုင်းမှာ ဖန်ကွဲ၊ မှန်ကွဲများကြောင့် အထူးသတိထားပြီး တက်ရတယ်လို့ သိရပါတယ်။
ဈေးရဲ့ ပတ်ဝန်းကျင် ရပ်ကွက်များမှာ မနေ့ည ၁၀နာရီခွဲမှာ စတင်ပြီး လျှပ်စစ်မီး ပြန်လည်ပေးသွားပြီ [...]
Filed under: မန္တလေးမြင်ကွင်း, သတင်း | Tagged: fire mandalay, news | No Comments »