second time yadanabom market (fire at mandalay)

ရတနာပုံဈေးမှာ ယနေ့ မွန်းတည့် ၁နာရီခန့်က မီးလောင်မှု ထပ်မံဖြစ်ပွားပါတယ်။

မနေ့ လောင်ကျွမ်းရာမှာ ကျန်ခဲ့တဲ့

အမ်စီစီ သင်တန်းနေရာက မီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပွားပါတယ်။

 

ကြားသတင်းက ပေါက်ကွဲမှု တစ်ခုနဲ့အတူ မီးစတင်လောင်ကျွမ်းတယ်လို့ သိရပါတယ်

ကျွန်တော်ရောက်တော့ မီးတောက်တွေ ထွက်နေပြီး

မီးခိုးမဲမဲတွေ အရမ်းထွက်နေပါတယ်။

 

မီးသတ်ကားများလည်း ရောက်ရှိလာသလို

စည်ပင်က ရေကားများလည်း ရောက်လာပါတယ်

 

ကြိုးစားပြီး ငြိမ်းသတ်နေကြစဉ်မှာပဲ

အထဲက မီးက တစ်ခန်းပြီး တစ်ခန်း အကြီးအကျယ်လောင်ပါတယ်။

မနေ့က မလောင်ဘဲ ကျန်သမျှ ကုန်တာပါပဲ။

အပေါ်အထပ်မြင့် မီးငြိမ်သတ်ရေး ယာဉ်လဲ ရောက်လာပြီး

အရှေ့ဘက် ၊ တောင်ဘက် နှစ်ဘက်စလုံးက ငြိမ်းသတ်ပါတယ်။

 

မကြာခင်မှာပဲ မီးလောင်မှု ကျဆင်းသွားပြီး အမ်စီစီထဲက ရှိတာတွေလည်း ကုန်သွားပါတယ်

ကိုမောင်လှ ဘလော့အရ အမ်စီစီက ကွန်ပျူတာများသယ်ယူပြီး ပြီလို့ သိရပါတယ်။

 

ယနေ့ စတင်လောင်ကျွမ်းမှုကတော့

Orange ရဲ့ ဂတ်အိုးက ပေါက်ကွဲမှုဖြစ်တယ်လို့ သိရပါတယ်။

 

အားလုံးလောင်ကျွမ်းမှုကို ၂နာရီ ၁၅မိနစ်ခန့်မှာ

ဈေးအတွင်းထိ မီးသတ်များ ၀င်ရောက်ငြိမ်းသတ်နိုင်ခဲ့ပါတယ်။

အတွင်းက ဂတ်စ်အိုးများကို ထုတ်ယူနိုင်ခဲ့ပါတယ်။

 

အပူချိန် ပြင်းထန်စွာ ထိထားတဲ့ ဂတ်စ်အိုးများအနေနဲ့ အလွန်အန္တရာယ်ရှိနေပါတယ်။

အခုအချိန်မှာတော့ မီးဆက်လောင်ကျွမ်းမှုမရှိစေရေးအတွက် ဈေးတစ်ခုလုံးကို ရေပက်ဖျန်းမှု လုပ်နေပါတယ်။

 

ဒီကနေ့ လောင်ကျွမ်းနေတဲ့အချိန်မှာ အောက်ဆုံးထပ်အတွင်း

အစိုးရ ရုံးဌာနက လူများ၊

တပ်မတော်သား၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊ စွမ်းအား၊ ပြည်ခိုင်ဖြိုး၊ မိခင်ကလေး၊ အမျိုးသမီးရေးရာ၊ စစ်မှုထမ်းဟောင်း စတဲ့ လုပ်အားပေးအဖွဲ့က ရှင်းလင်းဖို့ ၀င်ရောက်နေစဉ်

လောင်ကျွမ်းတာဖြစ်ပါတယ်။

 

အခုထပ်မံလောင်ကျွမ်းမှုကြောင့် မန္တလေးသားတွေ သွေးလန့်သွားတာကတော့ အသေအချာပါပဲ

အားလုံး လူတွေ လမ်းပေါ်ရောက်လာပါလေရော . . .

 

အခု ပို့စ်တင်ချိန်ပဲ ရန်ကုန်မှာ မီးသတ်ကားသွားတယ်၊

ကမ္ဘာအေးဘက် ဦးတည်တယ်လို့ ဂျီတော့က သတင်းရပါတယ်ဗျာ

 

အားလုံး အေးချမ်းကြပါစေ

 

3 Responses to “second time yadanabom market (fire at mandalay)”

  1. Your post is very descriptive, interesting to read and details oriented. Good post and keep it going. Thanks for update.

  2. MGH Mortuary ကို လူ BBQ တွေများစွာရောက်ရှိပါသလား၊၊

  3. about 30 people were in ERC yesterday

Leave a Reply