news of fire at Mandalay 2

မပျက်မဆီး ကျန်ရှိတဲ့

Orange ဆူပါမားကတ်ရဲ့ ရုံးခန်း(လေးထပ်မှာရှိပါတယ်)မှာ

ထိခိုက်ပျက်စီးမှု နည်းတယ်လို့ သိရပါတယ်။

စတိုခန်းနဲ့ ဆူပါမားကတ်အတွင်းကတော့ ပျက်စီးမှုများရှိသော်လည်း

အချို့ ပြန်လည်ရရှိကြောင်းသိရပါတယ်။

တော်တော်များများကို မနေ့ ညပိုင်းကစတင်လို့ သယ်ယူရာမှာ

ယနေ့ ယခုအချိန်အထိ ထုတ်ခွင့်ရရှိနေပါသေးတယ်လို့ ဆူပါမားကတ် ၀န်ထမ်းတစ်ဦးက ပြောပြတာ ကြားခဲ့ရပါတယ်။

 

ဘေးပတ်လည်မှာရှိတဲ့ တိုးချဲ့ဆိုင်ခန်းများကတော့ ယနေ့ နံနက်ပိုင်းက စတင်လို့

ပိုင်ရှင်ကိုယ်တိုင် စာရင်းပေးရင် သက်ဆိုင်ရာက ခွင့်ပြုနေပါတယ်။

 

အိုင်တီလင့် ကွန်ပျူတာက နေ့လယ်ပိုင်းမှာ ထုတ်ယူရာမှာ မှန်ကို မီးခိုးရိုက်ခြင်းသာဖြစ်ပြီး

အထဲက ပစ္စည်းများ ထုတ်ယူခဲ့ပါတယ်။ ကွန်ပျူတာ ပစ္စည်းများဖြစ်လို့ ကောင်းမကောင်း

ကတော့ စမ်းရဦးမှာပါ။

 

ထို့အတူပဲ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(မန္တလေး)ရုံးခန်းအပါအ၀င် အမ်အိုင်စီတီမှ ဆိုင်၁၀ခန်းကျော် အပျက်အစီးနည်းတယ်လို့ ကြားခဲ့ရပါတယ်။

သက်ဆိုင်ရာက ပိုင်ရှင်များကို တက်ရောက်ယူခွင့် ပေးခဲ့ပါတယ်။

 

သို့သော် အဆောက်အအုံ၏ မီးသင့်မှုခံနိုင်အားကြောင့်

တက်ရောက်ရာမှာ ကန့်သတ်ခွင့်ပြုနေရပါတယ်။

 

ယနေ့အချိန်အထိတော့ ဈေးအဆောက်အအုံအတွင်း ပြိုကျမှု အနည်းငယ်ရှိပါတယ်။

အပေါ်ပိုင်း အမိုးတွေ လန်နေပါတယ်။

မှန်များကတော့ ယနေ့မီးလောင်မှုမှာ အရည်ပျော်ကျတဲ့အဆင့်ထိ ရောက်ခဲ့ပါတယ်။

 

အဆောက်အအုံတစ်ခုလုံး ပြိုကျမှုတော့ မရှိသေးပါဘူး။

မီးသင့်ဒဏ်ပြင်းထန်တာကြောင့်

မီးလောင်ပြင်ရှင်းလင်းရာမှာ သတိထားပြီး ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

 

မီးလောင်ပြင်ရှင်းလင်းဖို့ မြို့နယ်အလိုက် လုပ်အားပေးအဖွဲ့များကို

နံနက်ပိုင်း ထမင်းထုပ်ဝေရာမှာ ၃၀၀၀ကျော် ဝေငှခဲ့ရတယ်လို့ သိရပါတယ်။

 

တိုင်းအဆင့်တာဝန်ရှိတဲ့ လူမှုရေးအသင်းအဖွဲ့များက အလှူရှင်များရှာဖွေကာ

လုပ်အားပေးအဖွဲ့ကို ကျွေးမွေးနေတာ တွေ့ရပါတယ်။

 

ယခုအချိန်အထိ ရတနာပုံဈေးကို မီးဘေးစောင့်ကြည့် ကန့်သတ်နယ်မြေ အဖြစ်

သတ်မှတ်ထားပြီး တာဝန်ရှိသူမှ အပ မည်သူ့ကိုမျှ ၀င်ခွင့်မပေးတော့ပါဘူး

 

သက်ဆိုင်ရာ ဆိုင်ခန်းပိုင်ရှင်များအနေနဲ့ကတော့ ပိုင်ဆိုင်ကြောင်း ပြပြီး

သက်ဆိုင်ရာ တာဝန်ရှိသူထံက ထောက်ခံမှုရရှိရင် ၀င်ရောက်ပစ္စည်းယူခွင့်ကို လူဦးရေ ကန့်သတ်ပြီး ပေးလျက်ရှိကြောင်း နောက်ဆုံးကြားသိထားရပါတယ်။

 

ယခုအချိန်အထိ လူအသေအပျောက်စာရင်း မရသေးပါ။

Leave a Reply