Photo at fire Mandalay

မန္တလေးရဲ့ စိတ်မကောင်းစရာ ရတနာပုံဈေးမီးလောင်မှု ဓာတ်ပုံများကိုအောက်က လင့်မှာ တင်ထားပါတယ်သွားရောက်ကြည့်နိုင်ပါတယ်။နောက်နေ့မှ ပဲ သေသေချာချာ ပုံစာနဲ့ တင်ပါ့မယ်အခုတော့ ကျွန်တော် ပို့စ်တင်ထားသလို ကျွန်တော်သွားသမျှ ရိုက်ထားတာပါ ပို့ဖတ်ရင်းကြည့်သွားရင် သိနိုင်ပါတယ်
http://picasaweb.google.com/mandalarthar/FireAtMandalayYadanabomMarket
ဦးထိပ် အတွေးနဲ့အရေး http://uhteik.blogspot.com

Fire at Mandalay (Yadanarbom Market)

မန္တလေးမြို့ရဲ့ အချက်အခြာဖြစ်တဲ့
ရတနာပုံဈေးမှာ နံနက် ၈နာရီဝန်းကျင်မှ စပြီး မီးလောင်တယ်လို့ သိလိုက်ရပါတယ်
ရတနာပုံဈေးကို အထပ် ၄ထပ်နဲ့ တည်ဆောက်ထားပါတယ်
အောက်ထပ်က ဈေးအဖြစ်ဖွင့်လှစ်ထားပါတယ်
ပထမထပ်က စကိုင်းဝေါ့ ရှော့ပင်းစင်တာ
ဒုတိယထပ်က ရီလက်စ် စားသောက်ဆိုင်နှင့်အမ်စီစီကွန်ပျူတာ
အခြား သင်တန်းများ၊ အထက်မြန်မာပြည်ဓာတ်ပုံအသင်း၊ မန္တလေးဓာတ်ပုံအသင်းရုံးများစသဖြင့်
တတိယထပ်က ရတနာပုံဆိုက်ဘာကော်ပိုရေးရှင်း(အမ်အိုင်စီတီ)
စတုတ္ထထပ်က ရေးဝေါလ်စင်တာ၊ ကွန်ပျူတာသင်တန်းများ၊ သင်တန်းများ၊ ဆန်းစတားဖိုတိုဂယ်လာရီ၊ တင်မိုးလွင်ရဲ့ မော်ဒယ်အေဂျင်စီ
မိုးကုတ်ပေါက်ပေါက်၊(အခုလက်ရှိ ၈နာရီမှာ မော်ဒယ်ရွေးပွဲလုပ်နေပါတယ်)
 
အဲလိုရှိနေတဲ့ ရတနာပုံဈေးကို နံနက် ၇နာရီခွဲမှာ စတင်ဖွင့်လှစ်ပါတယ်
အောက်ထပ်ဈေးအတွင်းရှိ စက်ချုပ်ဆိုင်ဟု ဆိုသော ဆိုင်ခန်း
ပန်းကန်ဆိုင်များအနီးက ဆိုင်ရှင်များမရောက်လာခင်မှာ နံနက်၇နာရီ၄၅လောက်မှာ
ညော်နံ့ရပြီး မီးလောင်တာတွေ့ရတယ်လို့ ပြောပြပါတယ်။
အဲလိုဖြစ်လို့ မီးသတ်ဆေးဗူးများနဲ့ ငြိမ်းသတ်စဉ်မှာပဲ မီးအားများပြီး အပေါ်ကို တက်သွားတယ်လို့ ဈေးမှ တာဝန်ရှိသူများထံက ကြားသိရပါတယ်။
 
မနက် ၈နာရီ၁၀မိနစ်လောက်မှာ မီးသတ်ကား အချက်ပေးသံကြောင့်
အိပ်ရာထပြီး မီးလောင်ရာကို သွားခဲ့ပါတယ်။
ကင်မရာမေ့လို့ ပြန်ယူရသေးတယ်။
အိမ်နဲ့ မီးလောင်တဲ့နေရာနဲ့ မန္တလေးပြ [...]