La pyi nae

ယနေ့ တပို့တွဲ လပြည့်နေ့မှာ ဘုရားကြီးကို ရောက်ခဲ့ပါတယ်

နံနက် ၆နာရီလောက် မိုးကျနေတဲ့ကြားထဲမှာ ဘုရားကြီးကို အရောက်သွားခဲ့ကြပါတယ်။

ဆြာဘနဲ့အတူ ဘုရားကြီးကို မိုးရွာထဲရောက်ပြီး

မီးပုံးထင်းပူဇော်နေတာနဲ့ ဘုရားကြီးအတွင်းမှာ စာရေးတံမဲလောင်းလှူတာကို

လှည့်လည် ဖူးမြော်ကြည်ညို ဓာတ်ပုံရိုက်ခဲ့ပါတယ်

 

ဆုတောင်းပြည့်ဘုရားမှာတော့ လက်မှတ်တစ်စောင်ကို တစ်ရာကျပ်နှုန်းနဲ့ ရောင်းချပြီး

အစား အစာ အစုံကို ရောင်းချပေးပါတယ်

ကြက်သား ဒန်ပေါက်က စလို့ လက်ဖက်ရည်၊ အအေး၊ မုန့်ဟင်းခါးအစုံပါပဲ

ရောက်တဲ့အချိန်က စောနေတော့ ဘာမှ မစားခဲ့ရတာ နာတာပဲဗျာ . . .

 

အိမ်ရောက်မှပဲ ဘုရားဆွမ်းတော်ကပ်ထားတဲ့ ထမနဲချပြီး အ၀စားလိုက်တယ်

တပို့တွဲလပြည့်နေမှာတော့ မိုးအုံ့လို့ မိုးအေးနေတာ ထူးခြားတာပါပဲ

ပတ်ဝန်းကျင် နိုင်ငံတွေလို့ အအေးပိုတာတို့၊ မုန်တိုင်းတို့၊ ငလျင်တို့ကြားမှာ

မေတ္တာဓာတ်နဲ့ မြန်မာနိုင်ငံက ဒီလောက်ပဲ ဖြစ်တာ ၀မ်းသာစရာပါပဲ။

ဒါပေမယ့်

မန္တလေးမှာတော့ မီးနေ့တိုင်းလိုလို လောင်နေတာ စိတ်မချမ်းသာစရာပါပဲနော် . . .

 

Leave a Reply