Full Moon Day

ကနေ့က တပို့တွဲလ အဖိတ်နေ့ ဖြစ်တာနဲ့အညီ မန္တလေးတစ်မြို့လုံး ထမနဲထိုးပွဲများနဲ့ စည်ကားလို့နေပါတယ်။
မနက်ဖြန် တပို့တွဲလပြည့်နေ့ နံနက်စောစော မြတ်စွာဘုရားရှင်ကို ထမနဲ့ဆွမ်းကပ်လှူကြမှာဖြစ်တယ်။မြန်မာလများရဲ့ အအေးဆုံးလလို့ ပြောနိုင်တဲ့ တပို့တွဲလမှာ မြတ်စွာဘုရားရှင်ကို မီးပုံးထင်းပူဇော်ပွဲလည်း ရှိပါတယ်။
နံနက်စောစောအရုဏ်တက်မှာ ဘုရားရှင်ကို ထမနဲဆွမ်းကပ်လှူပြီး အိုးကင်းထဲမှာ နံ့သာစုံထည့်ပြီး မီးပူဇော်တာကို ပြောတာပါ။အခု ဈေးများမှာ အိုးကင်းနဲ့အတူ ၀ယ်လို့ရပါတယ်။
တပို့တွဲလပြည်နေ့မှာ မန္တလေးရဲ့ စည်ကားရာများကတော့မဟာမုနိဘုရားကြီးမှာပါ
ဟိုယခင် ဘုရင်များလက်ထက်တော်ကတည်းက နှစ်စဉ်မပျက်ကျင်းပခဲ့တဲ့မီးပုံးထင်းပူဇော်ပွဲနဲ့ ထမနဲ့ထိုးပွဲများ၊ ကပ်လှူပူဇော်ပွဲများကဖြင့်ယနေ့ ညနေမှစပြီး လပြည့်နေ့ နံနက်ခင်းအထိ စည်ကားသိုက်မြိုက်နေပါတယ်။
နောက်တစ်နေရာကတော့ ဗောဓိကုန်းက မဟာဗောဓိစေတီမှာဖြစ်ပါတယ်။မန္တလေးနဲ့ နိဗ္ဗာန်ဈေးလို့ခေါ်တဲ့ ဈေးရောင်းပွဲကျင်းပလာတာ နှစ်ပေါင်းများလှပါပြီနံနက်ခင်းမှာ မိမိရောင်းလိုတာကို ခင်းကျင်းရောင်းချပြီး ရရှိသမျှ အရင်း၊ အမြတ်ကို ဘုရားကို လှူခဲ့ကြတဲ့ ဓလေ့ပါ။
ဗောဓိကုန်းနည်းတူပဲ၂၆လမ်း၊ ၇၇လမ်းက ဆုတောင်းပြည့်ဘုရားမှာလည်း နိဗ္ဗာန်ဈေးပွဲတော်ကို ကျင်းပခဲ့ပါတယ်။အဓိက အစားအစာများကို တစ်ဝက်ဈေးဖြင့် [...]