Update news

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့်ကုန်ရုံဌာနက ရတနာပုံဈေး အဆောက်အအုံကို ဖျက်သိမ်းဖို့ တင်ဒါခေါ်တာကို ယနေ့ထုတ် သတင်းစာမှာ တွေ့ခဲ့ရပါတယ်။ ဈေးတစ်ခုလုံးကို ဖျက်သိမ်းဖို့ တင်ဒါခေါ်ယူတာဖြစ်ပြီး မတ်လ ပထမပတ်အတွင်းမှာ တင်ဒါတင်သွင်းရမှာဖြစ်ပါတယ်။ တင်ဒါတင်သွင်းလိုတယ်ဆိုရင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့်ကုန်ရုံဌာနမှာ တင်သွင်းနိုင်တယ်လို့ ပါရှိပါတယ်။   ဈေးရဲ့ အခြေအနေကို ကြည့်ပြီး အမြန်ဆုံးဖြတ်သိမ်းဖို့ ကြိုးစားသွားမယ်လို့ ထင်ပါတယ်။ ယာယီဆိုင်ခန်းများကို နေရာချထားဖို့ ဆောင်ရွက်နေစဉ်မှာပဲ မီးသင့်လောင် အဆောက်အအုံကို ဖျက်သိမ်းပြီး အဆောက်အအုံအသစ် ပြန်လည် ဆောက်လုပ်မယ်လို့ ထင်ရပါတယ်။ ဘာဖြစ်ဖြစ် ဒီအဆောက်အအုံကတော့ အမြန်ဆုံးဖျက်သိမ်းမှ အားလုံး အန္တရာယ်ကင်းမယ်လို့ တွက်ဆရပါတယ်။  

Update news Fire at Yadanabom Market

 ရတနာပုံဈေးမီးလောင်မှုမှာ လူသေဆုံးမှု စာရင်း ရရှိရေးအတွက် လိုက်လံ မေးမြန်းမှုများဆောင်ရွက်ခဲ့ပါတယ်။   မီးလောင်တဲ့ နံနက်ပိုင်းမှာ အရှေ့ဘက်ခြမ်း ခုံးပေါ်မှာ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ တွေ့လို့ ဓာတ်ပုံလဲ ရိုက်ထားပါတယ်။ အဲဒီလူကို အောက်ပြုတ်ကျသွားတယ်လို့ အားလုံး ထင်ထားပါတယ်။   ကနေ့ နံနက်မှာပဲ အဲဒီလူကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလူက မီးစက်မောင်း ၀န်ထမ်းဖြစ်တယ်လို့လဲ သိခဲ့ရပါတယ်။   မီးလောင်တဲ့နေ့က တာဝန်ကျတဲ့ ကယ်ဆယ်ရေးဆိုင်ရာ ၀န်ထမ်းများကိုလည်း မေးမြန်းကြည့်ရာမှာ သေဆုံးမှု လုံးဝမရှိကြောင်း အတည်ပြုသိခဲ့ရပါတယ်။   ဈေးအတွင်း ရှင်းလင်းရာမှာလဲ အရိုးစုတွေ့တယ်လို့ သတင်းထွက်နေသော်လည်း အခုအချိန်အထိ အတည်ပြုချက်မရရှိသေးဘဲ ကြားသတင်းသာဖြစ်တယ်လို့ သိရပါတယ်။   ဈေးရဲ့ အခြေအနေက တော်တော်စိုးရိမ်ရပါတယ်။ ပစ္စည်းယူသူများကလည်း မိမိပစ္စည်းသာ အာရုံစိုက်နေကြတော့ [...]

Follow

Get every new post delivered to your Inbox.