Posted on January 27, 2008 by uhteik
မန္တလေးရဲ့ ရာသီဥတုကတော့ တော်တော်အေးချမ်းနေပါတယ် . .
မိုးလေးစိမ့်စိမ့်ရွာလို့ အေးချမ်းနေပါတယ်. .
အေးချမ်းတယ်ဆိုတာထက်
အေးလွန်းလို့ ဘယ်မှ တောင်မ ထွက်ချင်ပါဘူး
နဂိုကတည်းက အိပ်နေတာဆိုတော့ အခုတော့ တစ်နေကုန် အိပ်နေတာပေါ့ဗျာ
ညနေ အချိန်ကျတော့လည်း မနေနိုင် . . .
အပြင်ကို ထီးဆောင်းလို့ ထွက်ခဲ့ပါတယ် . .
မန်းထုံးစံပါပဲ မိုးကျနေတာ့ လူရှင်းနေတာပေါ့
ဆိုင်ထဲမှာ ၂ယောက်ပဲရှိတယ် . . .
အေးလိုက်တာနော် . .
စိတ်ကလဲ လွမ်းသလိုလို ဆွေးသလိုလို
အော်
မန္တလေးရယ်
Filed under: မန္တလေးမြင်ကွင်း, အတွေး | No Comments »
Posted on January 26, 2008 by uhteik
ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ မျိုးဆက် နောင်နောင်ရဲ့
မေ့မှာစိုးတယ် ဇာတ်ကား မိတ်ဆက်ပြသခြင်းကို ဒီကနေ့ နံနက်၉နာရီက မန္တလေး နေပြည်တော် ဆိုင်းတန်း ရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။
ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာမောင်တင်ဦး ဇာတ်လမ်း မောင်စိန်ဝင်း(ပုတီးကုန်း)
နောင်နောင်နဲ့ဆုရွှန်းလဲ့တို့ ခေါင်းဆောင်ပါဝင်ထားပါတယ်။
လူဆိုးလေးညီညီရဲ့ အချစ်ကိုပေးဆပ်တဲ့အသွင် နဲ့ လူဆိုးလေးဘ၀စရိုက်နဲ့ ပထမဆုံးရုပ်ရှင်ကားကြီးအဖြစ်ရိုက်ကူးထားတာဖြစ်ပါတယ်။
နောင်နောင်ရဲ့ သရုပ်ဆောင်ဟန်ကတော့ မဆိုးပါဘူး . .
အားလုံး စာနယ်ဇင်းသမားကတော့ အားပေးစကားနဲ့ ဆိုဆုံးမစကားဆိုသွားကြလေရဲ့ . .
နောက်ထပ် ဇာတ်ကားသစ်အဖြစ် ဒါရိုက်တာ ဇင်ရော်မောင်မောင်နဲ့ ဇာတ်မြူးလေးတစ်ခု မနက်ဖြန် စလို့ မန္တလေးမှာ ရိုက်ကူးပါလိမ့်မယ် . .
ဟိုတယ်ဝန်ထမ်းသူငယ်ချင်းများနေတဲ့ အဆောင်မှာ ဖြစ်ပျက်တဲ့ ဇာတ်မြူးလေးလို့ ဒါရိုက်တာ ဇင်ရော်မောင်မောင်က ပြောပြခဲ့ပါတယ်။
နောင်နောင်၊ ဇင်ဇင်ဇော်မြင့်နဲ့အတူ သရုပ်ဆောင် မိန်းကလေးများစွာနဲ့အတူ မန္တလေးတစ်ဝိုက်မှာ ရိုက်ကူးမှာဖြစ်ကြောင်း . [...]
Filed under: မန္တလေးမြင်ကွင်း, သတင်း | No Comments »