ပြင်ဦးလွင် မဟာအံထူးကံသာဆုတောင်းပြည့်ဘုရား တန်ဆောင်တိုင်ပွဲတော် ၂၀၀၇ခုနှစ်ရဲ့ ဖွင့်ပွဲအခမ်းအနားကို ၂၁-၁၁-၂၀၀၇ရက် မွန်းတည့် ၁၂နာရီမှာ
ဘုရားကြီးအရှေ့ဘက်က ကွင်းထဲမှာ ဆင်ဖြူတော် နေ့အလှလွှတ်မီးပုံးပျံကို လွှတ်တင်လို့ ဖွင့်လှစ်ခဲ့ပါတယ်။
နေ့အလိုက် လွှတ်တင်မယ့် မီးပုံးပျံ အမျိုးအစားနဲ့ စာရင်းပါ။ နေ့က မွန်းတည့် ၁၂နာရီမှာ စတင်ပါ့မယ်၊ ညပိုင်းကတော့ ည၇နာရီ စတင်ပါမယ်
ရက်စွဲ ————— နေ့အလှ ——– ည (စိန်နားပန် + မီးကျည်)
၂၁-၁၁-၂၀၀၇———— ၇ ———— ၇ –( ၄ + ၃ )
၂၂-၁၁-၂၀၀၇———— ၇ ———— ၆ –( ၄ + ၂ )
၂၃-၁၁-၂၀၀၇———— ၉ ———— ၈ –( ၅ + ၃ )
၂၄-၁၁-၂၀၀၇———— ၁၁ ———— ၈ –( ၅ + ၃ ) (လပြည့်နေ့)
၂၅-၁၁-၂၀၀၇ ———— ၉ ———— ၃ –( ၂ + ၁ )
ဒီကနေ့ အဖိတ်နေ့ ညပိုင်းမှာ မသိုးသင်္ကန်းရက်ပြိုင်ပွဲရှိပါတယ်
နံနက်အရုဏ်မတက်ခင်မှာ မသိုးသင်္ကန်းကို ဆက်ကပ်လှူဒါန်းပါမယ်။
လပြည့်နေ့ ညမှာတော့ ဘုရားရင်ပြင်တော်မှာ ဆီမီး၉၀၀၀ ပူဇော်ပွဲ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်ဗျာ . . .
လပြည့်ကျော်တစ်ရက်နေ့အထိ ပွဲတော်ကျင်းပမှာမို့ သွားရောက် လည်ပတ်ကြပါဦးလို့ ဖိတ်ခေါ် လိုက်ပါတယ်။
ဓာတ်ပုံပြိုင်ပွဲလည်း ကျင်းပနေတာမို့ ဓာတ်ပုံဝါသနာရှင်၊ ပညာရှင်များ ၀င်ရောက်ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ . . .![]()
Filed under: ပွဲတော်, ဖိတ်ခေါ်ခြင်း, သတင်း