Blog for All Seminar အောင်မြင်စွာ ကျင်းပပြီးစီး

ယနေ့ ၂၀၀၇ခုနှစ် သြဂုတ် ၃၁ရက် မွန်းလွဲ ၁နာရီတွင် ရတနာပုံဆိုက်ဘာကော်ပိုရေးခန်းမအတွင်း Blog for All ခေါင်းစဉ်ဖြင့် Seminar တစ်ရပ်ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။အခမ်းအနားသို့ မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်တာဝန်ရှိသူများ၊ ဘလော့ကာများ၊ စိတ်ပါဝင်စားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စာနယ်ဇင်းဆရာ၊ဆရာမများ စုစုပေါင်း ၄၀၀ကျော် တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးညီညီလင်းက အမှာစကားပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌဦးရဲနိုင်က Live Blog အဖြစ် mdyblogshow.blogspot.com တွင် ပို့စ်တင်ပေးပါသည်။ဆက်လက်ပြီး Alpha Info-Tech Co.,Ltd. မှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲမြတ်သူက ဗီဒီယိုဖိုင်ဖြင့် အမှာစကားပြောကြားသည်။ Service+ Co.,Ltd. မှ ဦးရဲထွန်းအောင်၏ အမှာစကားအား ကိုကျော်ကျော်ဝင်းမိုးက ဖတ်ကြားသည်။ ယင်းနောက် [...]

2007 Blog DAY ကြိုဆိုပါ၏

ကဲအခု Blog Day ကိုရောက်ပြီ . .

ဘလော့ဒေးမှာ ဘလော့ကာများ ကျန်းမာချမ်းသာပြီး လိုရာပြည့်ဝစေကြောင်း . . .ဆုမွန်တောင်းလိုက်ရပါတယ် . . .

ယနေ့ ကျင်းပမည့် မန္တလေးက Blog for All seminar အား ကြိုဆို ဂုဏ်ပြုပါ၏။
ထို့အတူ ၁-၉-၂၀၀၇ရက်တွင် ကျင်းပမည့် ရန်ကုန်မြို့မှ Why Do We Blog ဟောပြောပွဲအား
ဂုဏ်ပြုကြိုဆိုပါတယ်ပါတယ်ဗျာ . . .
ဦးထိပ် အတွေးနဲ့အရေး http://uhteik.blogspot.com