ရတနာပုံတက္ကသိုလ် မြန်မာစာမိသားစု ပထမအကြိမ်အာစရိယပူဇော်ပွဲ ကျင်းပမည်

ရတနာပုံတက္ကသိုလ် မြန်မာစာမိသားစု ပထမအကြိမ်အာစရိယပူဇော်ပွဲကို ကျင်းပမယ်လို့ သိရပါတယ် . .အငြိမ်းစားယူပြီးသော မြန်မာစာ ဆရာကြီး သုံးဦးကို ကန်တော့မှာ ဖြစ်ပါတယ် ဦးဝင်းမောင် ပါမောက္ခချုပ်(ငြိမ်း)ဦးမိုးရည် ပါမောက္ခ(ငြိမ်း)ဦးစန်းနိုင် ပါမောက္ခ(ငြိမ်း)တို့ကို အောက်ပါ အစီအစဉ်အတိုင်း ကန်တော့မှာ ဖြစ်ပါတယ် . . .ကျင်းပမည့်ရက် ၂၀-၁၀-၂၀၀၇ စနေနေ့ ကျင်းပမည့်အချိန် နံနက် ၉နာရီကျင်းပမည့်နေရာ ဓမ္မသာလာ ၊ ၃၁လမ်းx၈၄လမ်းထောင့်၊ မန္တလေးအလှူငွေများကို ကျောင်းသားဟောင်းများဆီမှာ လှူဒါန်းနိုင်ပါတယ် . .ဒါမှမဟုတ် ရတနာပုံတက္ကသိုလ်မြန်မာစာ ဌာနမှာ သွားရောက်ဆက်သွယ်နိုင်ပါတယ် . . .ရတနာပုံတက္ကသိုလ် မြန်မာစာဌာနမှာ ပညာသင်ကြားခဲ့တဲ့ မြန်မာစာ ကျောင်းသားများအားလုံး ပါဝင်ဆင်နွဲကြပါလို့ နှိုးဆော်လိုက်ရပါတယ်ဗျာ . . .
ဦးထိပ် [...]

မန္တလေးရဲ့ ၀ါဆိုလပြည့်ကျော် ၁ရက် ၀ါဆိုပွဲတော်

မန္တလေးမှာ ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ သံဃာတော်များ ၀ါဆိုတော်မူကြပါတယ် . .အဲလို ၀ါဆိုတော်မူမယ့် သံဃာတော်များအတွက် ၀ါဆိုရန် ၀ါဆိုပန်းအလို့ငှာ ဒါယကာ၊ ဒါယိကာမများက ၀ါဆိုပန်းများ ဆက်ကပ်လှူဒါန်းကြပါတယ် . . မန္တလေး တောင်ပြင်နဲ့ ဘုရားကြီးတစ်ဝိုက်က ဆရာတော်များကတော့ . .ဒီလို ၀ါဆိုပန်းကပ်သူများ၊ တစ်နှစ်ပတ်လုံး ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းတဲ့ ဒကာများကို ပြန်လည်လို့ ဧည့်ခံကျွေးမွေးကြပါတယ် . . တတ်နိုင်သမျှ ကြာဆံဟင်း၊ မုန့်ဟင်းခါး . . .တတ်နိုင်သလိုပေါ့ဗျာ . . ဘုန်းဘုန်းများက ပြန်လည်လို့ ဧည့်ခံကြပါတယ် . .အစဉ်အလာလဲ ဖြစ်နေကြပါတယ် . . .ဒီတော့ ကနေ့ ၀ါဆိုလပြည့်ကျော် ၁ရက်နေ့မှာ . . . ဘုန်းကြီးကျောင်းကို [...]