မနက်ဖြန် ၃၁-၅-၂၀၀၇ ရက်နေ့ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ပါ . . . ဒီနှစ်ဆောင်ပုဒ်က Smoke free environmentsဆေးလိပ်ငွေ့ ကင်းစင်ရေး၊ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးတဲ့ပါ . . .၂၀၀၆ခုနှစ် မေလ ၄ရက်နေ့မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်(၅/၂၀၀၆)နဲ့ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့တာ၂၀၀၇ မေလ ၄ရက်နေ့မှာ တစ်နှစ်ပြည့်လို့ အာဏာတည်ခဲ့ပါပြီ . . .အဆိုပါဥပဒေအရ လူအများရှိရာနေရာမှာ ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်ရပါမယ် . . .တစ်နည်းပြောရရင် အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးခွင့်မရှိတော့တာပါ . . . ဆေးလိပ်ရောင်းဝယ်ခြင်းမှာလဲအလိပ်အရေအတွက် ခွဲရောင်းတာကို ကန့်သတ်လိုက်ပါတယ် . .တစ်ဘူးချင်းသာ ရောင်းခွင့်ရှိမှာပါ . .. အသက် ၁၈ နှစ်မပြည့်သူများကိုလည်း ဆေးလိပ်ဝယ်ယူခွင့်ပြုမှာ [...]
Filed under: သတင်း | No Comments »