ကဆုန်ညောင်ရေသွန်းပွဲတော်

မနက်ဖြန်(အဲ) ဒီနေ့ ပေါ့ အခုပဲ ၁၂ နာရီကျော်သွားပြီကဆုန်ညောင်ရေသွန်းပွဲတော်ရွှေကြက်ယက်ဘုရားမှာ ကျင်းပပါမယ် . . .နှစ်စဉ် ကျင်းပတာဖြစ်ပြီးတော့ ရွာများက စည်ကားသိုက်မြိုက်စွာ ကဆုန်ညောင်ရေသွန်းကြတာပါ . . .ရွာများက ကြိုတင်မဲနှိုက်ပြီးတော့ ရှေ့ဆုံးက အဖွဲ့ကို ရွေးပါတယ် . . . ၁၂ ရွာရှိတယ်ထင်ပါတယ် . . မသေချာဘူးဗျ မနှစ်ကရောက်ခဲ့ပါတယ် . . .အဲဒီရွာတွေက အပြိုင်အဆိုင် ၀တ်ကြတယ် . . .တီးကြမှုတ်ကြတယ် . . ပြိုင်ပွဲဗျ . . အလှပြကြတယ် . . သင်္ကြန်မှာ ပြိုင်သလိုပဲ အကဲဖြတ်အဖွဲ့က အကဲဖြတ်တာ . . .၀င်းခင်းတာလဲပါတယ် . [...]

နှစ်သက်မိတဲ့ သီချင်းတစ်ပုဒ်

မနေ့က အလုပ်မှာ အလုပ်လုပ်ရင်းအလုပ်က ကောင်လေးက စက်ထဲမှာ သီချင်းလာဖွင့်သွားတယ် . . . ကျွန်တော် အိပ်နေရင်း နားထောင်မိတယ်ဗျ . . .သီချင်းလေးကို တော်တော်ကြိုက်သွားမိတယ် . . .သီချင်းက အေးအေးလေးလို့ပြောရမယ်ထင်တယ် . . .သီချင်းအကြောင်း နားမလည်ပါဘူး . . . ဂီတနဲ့ ပတ်သက်ရင် တော်တော်ဝေးတယ်ပြောရမယ် . . . ဂီတကို နှစ်သက်ပေမယ့် မဖန်တီးတတ်ဘူးဗျာ . . . အသံကမကောင်း၊ ဆိုလိုက်ရင် ကီးကလွဲ၊ လွဲတယ်ပြောရအောင် နားကိုမလည်တာ . . . အဲဒီလောက် ဂီတနဲ့ ပတ်သက်ပြီး တော်တာ . . .အဲဒီသီချင်းလေးကိုတော့ ကြိုက်မိသွားတယ် [...]