ဈေးဝယ်သွားကြတော့

ဒီနေ့ ရွှေဖြူပလာဇာကို အစ်မနဲ့အတူ ဈေးဝယ်ထွက်ဖြစ်တယ် . . သူက သင်္ကြန်အတွက် ကလစ်တွေ ဘာတွေ ကြည့်မယ်ဆိုပဲ . . .လျော့ဈေးလည်းရှိတယ်ဆိုလို့ပါ . . .ဒေးလီမတ်ကို အရင်ဝင်ဖြစ်ပါတယ် . . .အချို့ပစ္စည်းတွေကတော့ ဈေးသက်သာ တာကို တွေ့ရပါတယ် . . .ရွေဖြူထဲက ဆိုင်တွေက ကပ်ထားတဲ့ ဈေးနှုန်းထက်ကို ဈေးဆစ်ဝယ်လို့ရတာကို တွေ့ရပါတယ် . . .ဒေးလီမတ်ရှေ့နား မြောက်ဖက်က ဆိုင်မှာ အစ်မဈေးဆစ်တာ ရတာကို တွေ့ပါတယ် . . .မေးကြည့်တော့ တန်တယ်ဆိုပဲ. . .ကိုလက်ဖက်တို့ ဇနီးမောင်နှံလည်းရောက်လာတော့ ပိုစည်ကားသွားတာပေါ့ . . .အပြန်မှာတော့ တရုတ်ဈေးသွားပြီး မာလာဟင်းစားဖြစ်ကြပါတယ် . [...]

မူကြိုဘဝ

မူကြို ကျောင်းသားဘ၀ကို ပြန်ပြီး ဒီနေ့ လိုက်ရှာမိတယ် . . .မူကြိုက ဓာတ်ပုံတွေ ပြန်တွေ့တော့ နည်းနည်းတော့ ပြန်သတိရမိတယ် . . .မူကြိုမှာ (က)တန်း၊ ဆရာမက ဒေါ်ခင်မေကြိုင် ဆိုတာ မှတ်မိလာတယ် . .. မူကြိုကျောင်းသားကတ်လေးကို ပြန်တွေ့ပေမဲ့ သိမ်းလိုက်မိတာ ပြန်ရှာရဦးမယ် . . .အတန်းထဲက ကျောင်းသားတွေနဲ့ ကျောင်းပိတ်ခါနီး အားကစားပွဲမှာ ရိုက်ထားတဲ့ပုံ . . . ကျောင်းအုပ်ဆရာမကြီး၊ အတန်းပိုင်ဆရာမနဲ့ ရိုက်ထားတဲ့ပုံ . . . အဲဒီတုံးက ပါးက ယောင်နေတယ် . . . ပါးစိယောင်နေတော့ ပါးဖောင်းဖောင်းလေးပေါ့ . . .နောက် ကျောင်းက ပညာရည်ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ [...]