ရွှေကျင်မြို့က ပဲခူးတိုင်း ရွှေကျင်မြို့နယ် ရွှေကျင်ချောင်းဘေးမှာ တည်ရှိပါတယ် . .
ရန်ကုန်မြို့မှ အရှေ့မြောက်ဘက်မိုင်၁၀၀လောက်ဝေးပါတယ် . . .
ပဲခူးတိုင်း အရှေ့ခြမ်း အရှေ့ရိုးမတောင်ခြေမှာ ရှိပါတယ် . . .
နှစ်စဉ် မီးမျှောပူဇော်ပွဲ လုပ်လာတာ ဒီနှစ် ၁၅၆ နှစ်မြောက်ရှိပါပြီ . . .
သီတင်းကျွတ်လပြည့်နေ့နံနက်ကစလို့ ဆွမ်းတော်ကြီးကပ်လှူပွဲ စတင်ပါတယ် . . .
လပြည့်ကျော် ၁ရက်နေ့မှာတော့ ရွှေကျင်ချောင်းမှာ ရှင်ဥပဂုတ္တ ပူဇော်ပွဲနဲ့အတူ မီးမျောပွဲကို ကျင်းပတယ်လို့ သိရပါတယ်ဗျာ . .
စတင်ကျင်းပတာကတော့ သီတင်းကျွတ်လဆန်း၈ရက်နေ့ကတည်းကပါ . .
ရှင်ဥပဂုတ္တ ပူဇော်ပွဲအဖြစ် လှည့်လည် ပူဇော်ခံပါတယ် . .
ဒါကို ကုန်းပွဲလို့ ခေါ်ကြတယ်ဗျ
ရေပွဲ အဖြစ်ကတော့ ရှင်ဥပဂုတ္တ ရဟန္တာအရှင်မြတ်ကို ကရ၀ိက်ဖော်ပေါ်တင်ပြီး လှည့်လည်ပူဇော်ပါတယ် . .
အဲလိုပူဇော်ပြီး ပွဲတော်အဓိကနေ့ လပြည့်ကျော်၁ရက်နေ့မှာ ရွှေကျင်ချောင်းထဲမှာ
တက်ခုတ်ယိမ်း၊ တက်ပျံယိမ်း၊ ကရင်ဒုံးယိမ်းစတဲ့ အကအဖွဲ့များက လှေများနဲ့ ပါဝင်ကပြဖျော်ဖြေ ယှဉ်ပြိုင်ကြပါတယ် . . .
ဆုပေးပွဲရှိလို့ အလွန်စည်ကားပါတယ် . . .
လပြည့်ကျော်၁ရက်နေ့ည နေရောင်ကျချိန်မှာ ရွှေကျင်ချောင်းတစ်လျှောက် မီးရောင်လေးတွေ လင်းလက်လို့လာပါတော့တယ် . . .
ဟိုဆီ ဒီဆီက မျှောလိုက်တဲ့ မီးဖောင်လေတွေကြောင့် ရေပြင်တံလျှပ်မှာ ထင်ဟပ်လို့နေတာ ကြည်နူးစရာပါပဲ . . .
ချောင်းပြင်တစ်ခုလုံး မီးရောင်ပြည့်နေသလို ကောင်းကင်မှာလဲ မီးရှူးနဲ့ အလှဆင်နေကြပါတယ် . . .
ဒါကတော့ ရွှေကျင် မီးမျှော ပွဲတော်ပေါ့လေ . .
ရောက်ဖူးတာလားလို့ မမေးနဲ့ဗျ
အဲဒါ ကြေးမုံသတင်းစာထဲက ဆောင်းပါးကို ကြည့်ပြီး ကိုယ့်အတွေးနဲ့ ကိုယ့်ဘာသာ ပြန်ရေးထားတာ . .
သွားချင်တဲ့ ပွဲတော်တစ်ခုရဲ့ အကြောင်းပေါ့ဗျာ . . .